ဦးသန့်ကို 1911 ခုနှစ်၊ ဇန်န၀ါရီလ 22 ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်တွင် မွေးဖွားခဲ့ပါသည်။ 1947 ခုနှစ်များတွင် ပန်းတနော်မြို့၌ သာမန် ကျောင်းဆရာအဖြစ်နေထိုင်လာခဲ့ရာ 1961 မှ 1972 ခုနှစ်အထိ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင် ခဲ့ပါသည်။ 1974 ခုနှစ်၊ ဒီဇင်ဘာ 5 ရက်တွင် ဦးသန့်ကွယ်လွန်ပြီးနောက် ဒီဇင်ဘာ 5 ရက်မှ 10 ရက်အထိ မြန်မာနိုင်ငံတွင် ဦးသန့်အရေးအခင်း ဖြစ်ပွားခဲ့ပါသည်။ ဦးသန့်နေထိုင်သော အမှတ် (31)၊ ပန်းဝါလမ်း၊ ကမာရွက်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိ နေအိမ်အား ဦးသန့်၏ (103) နှစ်မြောက် မွေးနေ့အထိန်းအမှတ်အဖြစ် ဦးသန့်ပြတိုက်ဟု 2014ခုနှစ်၊ ဇန်န၀ါရီလ၊ 22 ရက်နေ့တွင်ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် ``ကမ္ဘာပေါ်တွင် ငြိမ်းချမ်း ရေးတရား လွှမ်းမိုးပါစေ´´ ဟုရေးထိုးထားသော ``ငြိမ်းချမ်းရေးကျောက်တိုင်´´ ကိုလည်း 2014 ခုနှစ်၊ ဧပြီလ၊ 4 ရက်နေ့တွင်စိုက်ထူခဲ့ကြပါသည်။ ယနေ့ကျရောက်သည့် 2016 ခုနှစ်၊ ဇန်န၀ါရီလ၊ 22 ရက်နေ့သည် ဦးသန့်၏ (105) နှစ်မြောက် မွေးနေ့မင်္ဂလာရက်မြတ်ဖြစ်ပါသည်။ ရှိန်း
Comments
Post a Comment