လူ့ခန္ဓာကိုယ်​နှင့်​ ပတ်​သက်​သည့်​စိတ်​ဝင်​စားစရာအချက်​များ

- လူတစ်ယောက်၏ ပုံမှန် သွေးပေါင်ချိန်မှာ အပေါ်သွေး-120၊ အောက်သွေး-80 ဖြစ်သည်။
- လူတစ်ယောက်၏ ပုံမှန် ကိုယ်တွင်းအပူချိန်မှာ 98.4ံF ဖြစ်သည်။

- နေ့တစ်နေ့၏ အပူဆုံးအချိန်မှာ ညနေ 4-နာရီဖြစ်သည်။

- သွေးအမျိုးအစား 4 မျိုးမှာ အေသွေး၊ ဘီသွေး၊ အေဘီသွေး၊ အိုသွေး တို့ဖြစ်သည်။

- လူတစ်ယောက်၏ သွေးကြောများကို ဆက်လိုက်ပါက မိုင် ``လေးသောင်းကျော်´´ ခန့်ရှိသည်။

- ဓါတ်ကြီးလေးပါးမှာ ``ဆီး၊ ၀မ်း၊ လေ၊ သွေး´´ (ပထ၀ီ၊ အာပေါ၊ ၀ါယော၊ တေဇော) တို့ဖြစ်သည်။

- ခန္ဓာကိုယ်တွင် အရိုးပေါင်း 206 ချောင်းရှိပြီး အသက် (30) အရွယ်ခန့်တွင် အရိုး (တစ်လက်မှု) ပေါင် 25000 ခံနိုင်စွမ်းရှိသည်။

- ခန္ဓာကိုယ်တွင် အရှည်ဆုံးကြွက်သားမှာ ပေါင်တွင်းကြွက်သားဖြစ်ပြီး၊ အတိုဆုံး ကြွက်သားမှာ နားစည်ကိုထိန်းသော ကြွက်သားဖြစ်သည်။ ခန္ဓာကိုယ်အတွင်းရှိ ကြွက်သားများအနက် အမာဆုံးကြွက်သားမှာ လျှာ ဖြစ်သည်။

- အဆုတ်အတွင်းသို့ လေရှူသွင်းမှုနှုန်းမှာ တစ်နေ့ ဂါလံ 500 ၀င်ဆန့်သည်။

- လူတစ်ယောက်၏ နှလုံးခုန်နှုန်းမှာ တစ်မိနစ်လျှင် (72) ကြိမ်ဖြစ်သည်။

- ဦးနှောက်၏ ခံစားမှု၏ လေးပုံတစ်ပုံကို လက်မှခံစားသိရှိနိုင်သည်။

- ကလေးများတွင် သွား 20 ချောင်းရှိ၍ လူကြီးများတွင် သွား 32 ချောင်းရှိသည်။

- သွေးစတင်လှူနိုင်သည့်အသက်အပိုင်းအခြားမှာ 18 နှစ်မှ 55 နှစ်အတွင်းဖြစ်ပြီး၊ အနည်းဆုံး 4 လတစ်ကြိမ် သွေးလှူဒါန်းနိုင်သည်။

- လူတစ်ယောက်၏ ခန္ဓာကိုယ်အတွင်းတွင် ရှိသော သေးပမာဏမှာ ငှက်ပျောဖူးပုလင်း 10 ပုလင်းခန့်ရှိပြီး တစ်နေ့အနည်းဆုံး ပျမ်းမျှ ရေ 3 ပုလင်းမှ 6 ပုလင်းအထိ လိုအပ်သည်။ သောက်သုံးရေအပါအ၀င် လူတစ်ဦးချင်း အတွက် နေ့စဉ် ရေလိုအပ် ချက်မှာ 130-140 လီတာ (ဂါလံ 30) ခန့်ဖြစ်သည်။

- လျှာမှ သိရှိနိုင်သည့် အရသာ 6 မျိုးမှာ ချို၊ ချဉ်၊ ဖန်၊ ခါး၊ ငန်၊ စပ် တို့ဖြစ်သည်။


ရှိန်း



Comments

Popular posts from this blog

ဦးသန့်​ကိုယ်​​ရေးအကျဉ်း

၂၀၀၈ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေ.apk